ညောင်လေးပင် ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လျင်မြန်စွာတုံ့ပြန်မီးငြှိမ်းသတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို မြို့မစျေးကြီးရှေ့၌ ယမန်နေ့နံနက်ပိုင်း ၁၀ နာရီအချိန်က အဆိုပါစျေးကြီးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ညောင်လေးပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် စျေးအတွင်းရှိ လျှပ်စစ်ဝါယာကြိုးများသွယ်တန်းထားရှိမှုနှင့် ရေကန်များ၊ မီးသတ်ရေပိုက်များထားရှိမှုအား စစ်ဆေးခဲ့သည်။ ဆက်လက်၍ညောင်လေးပင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုဌေးက မီးသတ်ဆေးဗူးအသုံးပြုပုံကို ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဆေးဗူးကို အသုံးပြု၍ မီးငြှိမ်းသက်နည်း၊ ဆီမီးလောင်မှုကို ဖုံးအုပ်ငြှိမ်းသတ်နည်း၊ ဂက်စ်မီးလောင်မှုကို ငြှိမ်းသတ်နည်းနှင့် စျေးရုံကြီး မီးဘေးလုံခြုံရေးအတွက် ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို မီးငြှိမ်းသတ်ရေယာဉ်(၂)စီး၊ ရေစုပေစက်(၂)လုံးတို့ဖြင့် ပြုလုပ်ဆောင်ရွက်သရုပ်ပြခဲ့ကြသည်။
အဆိုပါ မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ရာတွင် ညောင်လေးပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်နှင့်အဖွဲ့ဝင်များ၊ ညောင်လေးပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးဇော်နိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုဌေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့မစျေးကြီး မီးဘေးအန္တရာယ်ကြုံတွေ့လာပါကတုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် မီးငြှိမ်းသတ်နည်းတို့ကို စျေးသူစျေးသားများ သိရှိပြီး လိုက်နာဆောင်ရွက်တတ်စေရန်အတွက် မီးသတ်ဆေးဗူး အသုံးပြုပုံ အဆင့်ဆင့်၊ မီးသတ်ဆေးဗူးကို အသုံးပြု၍ မီးငြှိမ်းသက်နည်း၊ ဆီမီးလောင်မှုကို ဖုံးအုပ်ငြှိမ်းသက်နည်း၊ ဂက်စ်မီးလောင်မှုကို ငြှိမ်းသတ်နည်းတို့ကို သိရှိနိုင်စေရန် လက်တွေ့သရုပ်ပြလေ့ကျင့်ဆောက်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြိုနယ်(ပြန်/ဆက်)