ပဲခူးတိုင်းဒေသကြီး

နတ်တလင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာအကြောင်းအရာများ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာအကြောင်းအရာများ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရေတာရှည်မြို့နယ် ညောင်ပင်သာကျေးရွာရှိ ဆန်စက်များ၌ မီးသတ်ဉီးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ ဆန်စက်များ၌ မြို့နယ်မီးသတ်ဉီးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုဖြစ်ပေါ်လာလျှင် လုပ်ဆောင်ရမည့် နည်းလမ်းများကို သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

သဲကုန်းမြို့နယ်၌ ကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ဗီတာမင်အေပြည့်ဝပြီး ကျန်းမာသော ကလေးငယ်များဖြစ်နိုင်ရေးအတွက် အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီအချိန်က ​မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အ.မ.က(ရွာမ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်မြို့ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြော

ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကွင်း‌ဆင်းဆောင်ရွက်ခဲ့ကြသည်။

မင်းလှ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပမည့် စာစစ်ဌာနများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ ရေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပမည့် စာစစ်ဌာနများ တည်ငြိမ်အေးချမ်းအောင်မြင်စွာဖြေဆိုနိုင်ရန်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။

ဒိုက်ဦးမြို့၌ ပဲခူးတိုင်းဒေသကြီးပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီးပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

သာယာဝတီမြို့တွင် ပထမအကြိမ် မဟာဘွဲ့နှင်းသဘင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပထမအကြိမ်မဟာဘွဲ့နှင်းသဘင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက သာယာဝတီမြို့ မင်းကျောင်းပရဟိတပရိယတ္တိဘက်စုံသာသနာပြုကျောင်းတိုက် ကမ္ဘာ့ငြိမ်းချမ်းရေးဗုဒ္ဓတက္ကသိုလ်တွင် ကျင်းပခဲ့သည်။

အုတ်ဖိုမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး မီးဘေးအန္တရာယ်ကြိုတင်စစ်ဆေးမှုများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပရာ၌ ကျောင်းသားကျောင်းသူများအေးချမ်းစွာဖြေဆိုနိုင်ရန် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး