မင်းလှမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းစီ ပေးအပ်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀) နှုန်းစီပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက လက်ဆက်အုပ်စု၊ စိန်ကန့်လန့်ကျေးရွာ၊ စိတ္တသုခဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။