မင်းလှ ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပမည့် စာစစ်ဌာနများ တည်ငြိမ်အေးချမ်းအောင်မြင်စွာဖြေဆိုနိုင်ရန်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ အ.ထ.ကမင်းလှ(မြို့ပြင်)စာစစ်ဌာနနှင့် အ.ထ.က(စစ်ကွင်း)စာစစ်ဌာနတို့၌ မီးဘေးအန္တရာယ်မဖြစ်ပွားစေရန်အတွက် ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ထားမှု၊ ရေကန်များတွင်ရေအပြည့်သိုလှောင်ထားရှိမှု၊ မီးသတ်ဆေးဘူးများအသင့်ထားရှိမှု၊ လျှပ်စစ်မီးများသုံးစွဲရာတွင် ကောင်းမွန်သော ဝိုင်ယာကြိုးများတပ်ဆင်အသုံးပြုထားမှုအခြေအနေများ၊ မီးသတ်ကားအလွယ်တကူဝင်ထွက်သွားလာနိုင်ရန် ဆောင်ရွက်ထားမှုများတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအုပ်ကြီးများနှင့်ဆရာဆရာမများကို လိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ပေါက်စ (ပြန်/ဆက်)