ဒိုက်ဦးမြို့၌ ပဲခူးတိုင်းဒေသကြီးပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ဒိုက်ဦး ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီးပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်မှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးပါသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးကျော်ထွဋ်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်နည်းဥပဒေများပါပြဌာန်းချက်များအား ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာသူများမှ သိလိုသည်များ ဆွေးနွေးမေးမြန်းခြင်း အစီအစဥ်ကျင်းပပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ နိဂုံးချုပ်စကားပြောကြားကာအခမ်းအနား ရုပ်သိမ်းခဲ့ပါသည်။

မြို့နယ်(ပြန်/ဆက်)