အုတ်ဖို ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပရာ၌ ကျောင်းသားကျောင်းသူများအေးချမ်းစွာဖြေဆိုနိုင်ရန် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုး၊ မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်လင်း ခေါင်းဆောင်သောတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများနှင့် မြို့နယ်လျှပ်စစ်ဓာက်အားပေးလုပ်ငန်းမှ ဝန်ထမ်းများသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် အ.ထ.က(အုတ်ဖို)၊ အ.ထ.က(အိုးသည်ကုန်း)နှင့် အ.ထ.က(အေးမြသာယာ)ကျောင်းများတွင် မီးချိတ်၊ မီးကပ်၊ ရေအိတ်၊ သဲအိတ်၊ မီးသတ်ဆေးဘူးများ အဆင်သင့်စီစဉ်ထားရှိရေးနှင့် မီးဘေးလုံခြုံရေးဆိုင်များ စစ်ဆေးခဲ့ကြသည်။
အုတ်ဖိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပပြုလုပ်မည့် စာစစ်ဌာန(၃)ခုရှိပြီး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် စစ်ဆေးစီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)