သာယာဝတီမြို့တွင် ပထမအကြိမ် မဟာဘွဲ့နှင်းသဘင်းအခမ်းအနား ကျင်းပ

သာယာဝတီ ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပထမအကြိမ်မဟာဘွဲ့နှင်းသဘင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက သာယာဝတီမြို့ မင်းကျောင်းပရဟိတပရိယတ္တိဘက်စုံသာသနာပြုကျောင်းတိုက် ကမ္ဘာ့ငြိမ်းချမ်းရေးဗုဒ္ဓတက္ကသိုလ်တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ သုံးဆယ်မြို့၊ မဟာထူပါရုံပရိတ္တိစာသင်တိုက်ကြီး၏ ဦးစီးပမာနနာယက အဘိဓဇမဟာရဠဂုရုပါ(၆၀)ပါး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေး၊ သာယာဝတီခရိုင်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်ထွဋ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့သည်။

ယင်းနောက် တက်ရောက်သူများက နမောဒဿ သုံးကြိမ်ရွတ်ဆိုခြင်း၊ နိုင်ငံတော်ရွှေတံဆိပ်ဆုရှင်တေးသံရှင် အေးအေးခိုင်မှ (ထူးမခြားနား) ဗုဒ္ဓရောင်ခြည်တော်ဖွဲ့ သီချင်း(၃)ပိုဒ် သီဆိုပူဇော်ခြင်း၊ ပဲခူးတိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌသုံးဆယ်မြို့၊ မဟာထူပါရုံပရိတ္တိစာသင်တိုက်ကြီး၏ ဦးစီးပမာနနာယက အဘိဓဇမဟာရဠဂုရု ဘဒ္ဒန္တပညောဘာသမဟာထေရ်မြတ်ကြီးထံမှ သမ္ဓောဒနီယ သြဝါဒကထာနားယူခြင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ်၊ နိုင်ငံတော်ဘုန်းတော်ကြီးသင်ကပညာရေးဗဟိုအဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး ဘုန်းတော်ကြီးသင် ပညာရေးအဖွဲ့ အတွင်းရေးမှူး သံဃနာယကအဖွဲ့(မဟာဒွါယ)အဖွဲ့ဝင် ဆရာတော် မင်းကျောင်းပရဟိတ ပရိယတ္တိဘက်စုံသာသနာပြုကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက အဂ္ဂမဟာသဒ္ဓဓ္ဓဇောတိကဓဇ၊ မဟာဂန္ထဝါစကအဏ္ဍိတ၊ ဓမ္မကတိကဗဟုဇနဟိတဓရ ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရက ပထမအကြိမ် မဟာဘွဲ့နှင်းသဘင်နှင့်စပ်လျဉ်း၍ လျှောက်ထားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်ထွေးမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ ဓမ္မာသရိယ ဦးအောင်ရေးသားပူးဇော်အပ်သော ဘုန်းတော်ဘွဲ့ဧကပိုဒ်ရတုကို နိုင်ငံတော်ရွှေတံဆိပ်ဆုရှင် တေးသံရှင်ထွန်းလင်းကျော်မှ သီကျူးပူဇော်ခြင်း၊ ဘွဲ့လက်မှတ်များအား ဒေါက်တာဘဒ္ဒန္တဉာဏိဿရမှ ဆက်ကပ်ချီးမြင့်အပ်နှင်းခြင်း၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရမှ ဘွဲ့ရပုဂ္ဂိုလ်များအား အမှာစကားပြောကြားပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)