နတ်တလင်းမြို့၌ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှု ကျန်ရစ်သူ မိသားစု အကျိုးခံစားခွင့်များ ထုတ်ပေး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်များထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က နတ်တလင်းမြို့ လူမှုဖူလုံရေးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။