ရွှေတောင် ဖေဖော်ဝါရီ ၂၅
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ (၂၆)ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ သမိုင်းဘာသာရပ်အား ယနေ့နံနက်(၉)နာရီအချိန်တွင် ရွှေတောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade-4 ၊ Grade-6 ၊ Grade-7 ၊ Grade-8 ၊ Grade-10 ၊ Grade-11 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ ကျောင်းသူ/ကျောင်းသားများမှာ အေးချမ်းပျော်ရွှင်စွာပညာသင်ယူခဲ့ကြပြီး ယနေ့၌အတန်းတင်စာမေးပွဲ သမိုင်းဘာသာရပ် အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။ အဆိုပါစာမေးပွဲဖြေဆိုနေမှုကို ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းနှင့် တာဝန်ကျဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း ( ပြန်/ ဆက်)