ပေါင်းတည် ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဈေးများတွင် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး သရုပ်ပြလေ့ကျင့်ခြင်းနှင့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြသည်။
သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးတင်မိုးလှိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်မှူးဦးဝင်းမြင့်နှင့်ဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင်များ၊ ဈေးသူဈေးသားများတက်ရောက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးနှင့်သရုပ်ပြပွဲ၌မြို့နယ်မီးသတ်ဦးစီးမှူးဦးစည်သူ၀င်းက မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဆွေးနွေးကာ မြို့မမီးသတ်စခန်းမှ ဒုတိယဦးစီးမှူးနှင့်တပ်ဖွဲ့၀င်များက မီးသတ်ယာဉ်များဖြင့်မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းများကိုလက်တွေ့သရုပ်ပြခဲ့ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ၊ မီးသတ်ဦးစီးမှူးနှင့်လျှပ်စစ်မှူးတို့လိုက်ပါလျက် ဈေးအတွင်းလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)