ပေါင်းတည် ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်နယ်၌ အခြေခံပညာဦးစီးဌာနမှ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲများကို ယနေ့နံနက် ၉ နာရီခွဲက စာမေးပွဲကို ဆက်လက်ကျင်းပပြုလုပ်သည်။
ယခုကျင်းပလျက်ရှိသည့် စာမေးပွဲများသည် Grade-4 ,Grade-6, Grade-7, Grade -8, Grade -10, Grade -11 ကျောင်းသား ကျောင်းသူများအတွက် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲများဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီ ၂၇ ရက်နေ့ထိ ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
Grade-5 နှင့် Grade-9 အတန်းများအတွက် နှစ်ဆုံးစာမေးပွဲများကို မတ်လ ၃ ရက်နေ့မှစတင်၍ ကျင်းပပြုလုပ်ကြမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း Grade-12 စာမေးပွဲများကိုမူ မတ်လ ၁၇ ရက်မှ မတ်လ ၂၂ရက်အထိ ကျင်းပကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ရွှေသား(IPRD )