ပန်းတောင်းမြို့နယ်ရှိ စိမ်းစားသရက်သီးများ နာမည်ကြီးကာစျေးကောင်းရရှိ

ပန်းတောင်း    ဖေဖော်ဝါရီ    ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့ပေါ်ရပ်ကွက်များတွင်သာ အများအပြားထွက်ရှိပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ နှစ်စဉ်ဖေဖော်ဝါရီလခန့်မှ စတင်ကာထွက်ပေါ်လေ့ရှိသော ပန်းတောင်းစိမ်းစားသီးသည် ပြည်ဒေသတစ်ဝိုက်တွင်သာမက ၎င်းစိမ်းစားသီး ရောက်ရှိဘူးသည့် အရပ်ဒေသအတော်များများတွင် နာမည်ကြီး၍စျေးကောင်းရရှိကာ ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းတောင်းစိမ်းစားသီးသည် မဖန်မခါးမချဥ်လွန်းဘဲ ကျွတ်ကျွတ်နှင့် အင်မတန်မှ တို့မြုပ်ကောင်းလှသည့် သရက်သီးကင်းဖြစ်သဖြင့်ပေါ်ကာစတွင်တစ်လုံးလျှင် (၄၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ ဇန်နဝါရီလဆန်းမှ စိမ်းစားသရက်ပင်အိုများနှင့် အချို့စိမ်းစားပင်များတွင် အပွင့်အဖူးများ  စောလျင်စွာထွက်ကြပြီး စိမ်းစားသီးသရက်ကင်းများ ဖေဖော်ဝါရီလဆန်းတွင် စတင်ခူးဆွတ်ရောင်းချကြကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)