ပေါင်းတည် ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မတ်ပဲဧကသုံးသောင်းနီးပါး စိုက်ပျိုးထားခဲ့ပြီး ယခုပဲပေါ်ချိန်တွင် စိုက်ခင်းများရှိမတ်ပဲများကို ပဲနုတ်လုပ်သားများဖြင့် ရိတ်သိမ်းကာခြွေလှေ့နေကြသည်။
ယင်းသို့ ပဲပေါ်ချိန် ပဲသိမ်းချိန်တို့တွင် ကျေးလက်ပြည်သူများအနေဖြင့် ပဲခင်းအသီးသီးတွင် ပဲနုတ် ပဲသိမ်းခြင်းများကို ဝင်ရောက်လုပ်ကိုင်လေ့ရှိပြီး ယခုနှစ် မတ်ပဲပေါ်ချိန်တွင် ပဲနုတ်ငှားရမ်းသည့် စိုက်ခင်းရှင်များပြားလာသော်လည်း ပဲနုတ်သူများရှားပါးလျက်ရှိကြောင်း၊ ယခုပဲနုတ်သူများအနေဖြင့် ငှားရမ်းသူများပြားမှုကြောင့် နားရက်မရှိ ရွာစဉ်ရွာဆက် လိုက်လံလုပ်ကိုင်နေရကြောင်းသိရသည်။
မြို့နယ်အတွင်းရှိ ပဲခင်းရှင်တောင်သူများအနေဖြင့် မတ်ပဲခင်းတစ်ဧကနုတ်သိမ်းခ ငွေကျပ်တစ်သိန်းနှစ်သောင်းနှုန်းဖြင့် ဈေးကောင်းပေးငှားရမ်းရိတ်သိမ်းလျက်ရှိရာ ပဲနုတ်ခဈေးကောင်းသဖြင့် ပဲနုတ်သူများအဆင်ပြေကာ မိသားစု၀င်ငွေတိုးလျက်ရှိကြောင်း သိရသည်။
ရွှေသား(IPRD )