ပဲခူးတိုင်းဒေသကြီး

သဲကုန်း​မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရွှေသဲကုန်းဓမ္မစကူးလ်၏ သတ္တမအကြိမ်မြောက် သင်တန်းဆင်း​အောင်ပွဲနှင့် နိဗ္ဗာန်စျေးပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရွှေသဲကုန်းဓမ္မစကူးလ်၏ သတ္တမအကြိမ်မြောက် သင်တန်းဆင်း​အောင်ပွဲနှင့် နိဗ္ဗာန်စျေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကို မတ်လ (၈) ရက်နေ့က ရပ်ကွက် (၄) ပေါက်တောရပ် တပ်မင်္ဂလာတိုက်ကျောင်း၌ ကျင်းပခဲ့​သည်။

မိုးညိုမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံးခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်လွဲပိုင်းအချိန်က မိုးညိုမြို့၊ ဇောတိကရပ်ကွက်အတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မဟာဝိသုတာရာမကျောင်းကြီးတိုက်အတွင်း၌ နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးပြုကြစေရန် ဗုဒ္ဓ၏တရားတော်များနှင့်အညီ နေထိုင်တတ်စေရန် ကိုယ်၊ စိတ်၊ နှလုံးသိမ်မွေ့စေရန်ရည်ရွယ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်ဓမ္မစကူးလ်တို့ပူးပေါင်း၍ ယမန်နေ့နံနက် ၈ နာရီအချိန်က ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဓမ္မစကူးလ်သင်တန်းကို ဖွင့်လှစ်ခဲ့သည်။

ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကဗျာရေးစပ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူလူငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အကျိုးရှိစေရေး မြန်မာကဗျာရေးစပ်နည်း အခြေခံကို သိရှိနားလည်စေရန်အတွက်ရည်ရွယ်၍ အခြေခံကဗျာရေးစပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယမန်နေ့နံနက် (၉) နာရီအချိန်ကစတင်ကာ သင်တန်းဆန်းစစ်မှုအနေဖြင့် အခြေခံကဗျာရေးစပ်ပြိုင်ပွဲနှင့် ထူးချွန်ဆုချီးမြှင့်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ ကျီကြီးကုန်းရွှေကျောင်းတော် ကျောင်းလွှတ်ပူဇာပွဲ အခမ်းအနား ဆင်ယင်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် (၇) နာရီအချိန်က တည်ဆောက်ပြီးစီးခဲ့သော ကျီကြီးကုန်း ရွှေကျောင်းတော်၏ကျောင်းလွှတ်ပူဇာပွဲ အခမ်းအနားကို သမိုင်းဝင် ကျီကြီးကုန်းရုပ်ပွားတော် ဘုရားဝင်းအတွင်း ဆင်ယင်ကျင်းပခဲ့သည်။

ပဲခူးမြို့၌ သနပ်ခါးအလှ မြန်မာကအစ - ခြင်းလုံးအစ သရေခေတ္တရာကပွဲတော်အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရိုးရာအားကစားနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော သနပ်ခါးအလှ မြန်မာကအစ- ခြင်းလုံးအစ သရေခေတ္တရာက ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၈ ရက်နေ့ညနေပိုင်းက ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဥ်ရပ်နားဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ သနပ်ပင်မြို့နယ်၊ မင်းရွာတိုက်နယ်ဆေးရုံသို့ ကွင်းဆင်းဆေးကုသမှုများပြုလုပ်

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် သနပ်ပင်မြို့နယ်၊ မင်းရွာတိုက်နယ်ဆေးရုံကြီးသို့သွားရောက်၍ သနပ်ပင်မြို့နယ်အတွင်းရှိ ရဟန်း၊ ရှင်၊ လူပြည်သူများအား ဆေးကုသမှုများကွင်းဆင်းဆောင်ရွက်ပေးကြသည်။

ပေါင်းတည်၌ အခြေခံပညာအလယ်တန်းဆင့်(Grade-9) နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ အောင်မြင်စွာပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၁၁ နာရီက အခြေခံပညာအလယ်တန်းဆင့်(Grade-9)နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်း စာမေးပွဲအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။

ပဲခူးမြို့၌ ၂ဝ၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား ကျင်းပ

၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ သီရိဟံသာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၈ နာရီအချိန်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တို့ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ) (၁/၂၀၂၅)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး