ထန်းတပင်(ပဲခူး) မတ် ၁၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မဟာဝိသုတာရာမကျောင်းကြီးတိုက်အတွင်း၌ နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးပြုကြစေရန် ဗုဒ္ဓ၏တရားတော်များနှင့်အညီ နေထိုင်တတ်စေရန် ကိုယ်၊ စိတ်၊ နှလုံးသိမ်မွေ့စေရန်ရည်ရွယ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်ဓမ္မစကူးလ်တို့ပူးပေါင်း၍ ယမန်နေ့နံနက် ၈ နာရီအချိန်က ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဓမ္မစကူးလ်သင်တန်းကို ဖွင့်လှစ်ခဲ့သည်။
ဦးစွာ မဟာဝိသုတာရာမကျောင်းကြီးတိုက် ဆရာတော်ထံမှသြဝါဒခံယူပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ ဓမ္မစကူးလ်သင်တန်းသို့ တက်ရောက်လာကြသော လူငယ်မောင်မယ် (၂၆၅) ဦးတို့ကို ဆရာ၊ ဆရာမများက အပတ်စဥ် စနေနေ့နှင့်တနင်္ဂနွေနေ့များတွင် သင်ကြားပေးမည်ဖြစ်ပြီး ယနေ့တွင် ပညာရေးဌာနမှ အာဟာရမုန့်များလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)