ကျောက်ကြီးမြို့နယ်၌ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်

 ကျောက်ကြီး မတ် ၈

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၈ နာရီအချိန်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တို့ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ) (၁/၂၀၂၅)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌက ကျောက်ကြီးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအားရှင်းလင်းပြောကြားခြင်းနှင့် ကြက်ခြေနီတပ်ဖွဲ့ လက်ရှိလှုပ်ရှားဆောင်ရွက်နေမှုအခြေအနေအားရှင်းလင်းပြောကြားပြီး ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း ၁/၂၀၂၅ သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်အား မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ တာဝန်ခံကျောင်းအုပ်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာအခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအား မတ်လ ၅ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ ၃ ရက်ကြာ နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအချိန်အထိ သင်တန်းသား/ သင်တန်းသူ (၃၅)ဦးဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးက သိရသည်။

မြို့နယ်ပြန်/ဆက်