ပဲခူးတိုင်းဒေသကြီး

ဝေါမြို့ရှေ့ဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ် ရွှေသင်္ကန်းကပ်လှူခြင်း စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား အထွဋ်တင်မင်္ဂလာအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေ့ဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကြုံတူစေတီတော်ကြီးနှစ်ဆူအနက် နောင်တော်လေးစေတီတော် ရွှေသင်္ကန်းကပ်လှူခြင်း စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား အထွဋ်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှေ့ဟောင်းသမိုင်းဝင် ကြုံတူစေတီတော်မြတ်ကြီး၌ ကျင်းပသည်။

ပေါင်းတည်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနကျောင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ၏ ပြင်ဆင်ထားရှိမှုနှင့် မီးဘေးလုံခြုံမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးညိုမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အမျိုးသမီး‌ရေးရာအဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ တိမ်မြုပ်နေသောဖြည့်ဆည်းရန်ကွက်လပ်များ စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် နွေစပါး(သုံးသီးထပ်)အား တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စုပေါင်းစိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းအုပ်စု၊ ဂုံညင်းတန်းကျေးရွာ၊ ကွင်းအမှတ် (၇၉၇) တွင် မတ်လ ၁၄ ရက်နေ့နံနက်ပိုင်းက နွေစပါး (သုံးသီးထပ်)အား တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum seeder) ဖြင့် စုပေါင်းစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်/သီလရှင်နှင့်လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် နွေစပါးလက်စွဲကောက်စိုက်စက်( အင်ဂျင်ပါ)၊လက်စွဲကောက်စိုက်စက် (အင်ဂျင်မပါ)၊ဖြင့် နွေးစပါး(ဗီယက်နမ်)စပါးမျိုး စိုက်ပျိုးသရုပ်ပြ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မင်းကွန်းကျေးရွာအုပ်စု၊ မင်းကွန်းကျေးရွာနှင့် တပ်သစ်ကျေးရွာကွင်းအမှတ်(၄၄၂A/ ၄၈၆) စနစ်ကျ စက်မှုလယ်ယာကွင်းအတွင်းရှိ တောင်သူ ဦးကျော်လွင်၏ လယ်မြေတွင်ယနေ့ နံနက်ပိုင်းကလက်စွဲကောက်စိုက်စက် ( အင်ဂျင်ပါ)၊ လက်စွဲကောက်စိုက်စက်(အင်ဂျင်မပါ)ဖြင့် နွေးစပါး(ဗီယက်နမ်) စပါးမျိုး စိုက်ပျိုးသရုပ်ပြ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်၌ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီမှကြီးမှူး၍ အားကစားကဏ္ဍပိုမိုတိုးတက်လာစေရန်၊ စနစ်တကျနားလည်စေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် နွေရာသီအားကစားသင်တန်းများကို ယနေ့က မြို့နယ်အားကစားရုံ၌ ဖွင့်လှစ်ခဲ့သည်။

မိုးညိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊‌ ကျောင်းသူ (၆၄၄) ဦး ဝင်ရောက်ဖြေဆိုမည်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန (၅) ခု၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ စာမေးပွဲဝင်ရောက်ဖြေဆိုမည့် အတွင်းဖြေ၊ အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူ (၆၄၄)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ရွှေတောင်မြို့နယ် ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင် စေတီတော်မြတ်ကြီး တောင်တော်ရင်ပြင်တော်၌ (၁၇) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မယားမာန်ကျေးရွာအုပ်စု၊ မယားမာန်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီး တောင်တော်ရင်ပြင်တော်၌ (၁၇) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်း လောင်လှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး