ရွှေတောင်မြို့နယ်တွင် နွေစပါးလက်စွဲကောက်စိုက်စက်( အင်ဂျင်ပါ)၊လက်စွဲကောက်စိုက်စက် (အင်ဂျင်မပါ)၊ဖြင့် နွေးစပါး(ဗီယက်နမ်)စပါးမျိုး စိုက်ပျိုးသရုပ်ပြ အခမ်းအနားကျင်းပ

ရွှေတောင် မတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မင်းကွန်းကျေးရွာအုပ်စု၊ မင်းကွန်းကျေးရွာနှင့် တပ်သစ်ကျေးရွာကွင်းအမှတ်(၄၄၂A/ ၄၈၆) စနစ်ကျ စက်မှုလယ်ယာကွင်းအတွင်းရှိ တောင်သူ ဦးကျော်လွင်၏ လယ်မြေတွင်ယနေ့ နံနက်ပိုင်းကလက်စွဲကောက်စိုက်စက် ( အင်ဂျင်ပါ)၊ လက်စွဲကောက်စိုက်စက်(အင်ဂျင်မပါ)ဖြင့် နွေးစပါး(ဗီယက်နမ်) စပါးမျိုး စိုက်ပျိုးသရုပ်ပြ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာနနှင့်ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီတို့မှ လက်စွဲကောက်စိုက်စက်(အင်ဂျင်ပါ)၊ လက်စွဲကောက်စိုက်စက် (အင်ဂျင်မပါ)ဖြင့် နွေးစပါး(ဗီယက်နမ်) စပါးမျိုးလက်တွေ့စိုက်ပျိုးခြင်းများ သရုပ်ပြဆောင်ရွက် ခဲ့ကြသည်။

အခမ်းအနားသို့ ရွှေတောင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စိုက်ပျိုးရေး မွေးမြူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ ကြာနီကန်ရပကွက်၊ မင်းကွန်းကျေးရွာအုပ်စု၊ အိုးထိမ်းကုန်းကျေးရွာအုပ်စု၊ မယားမာန်ကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာအုပ်စုတို့ရှိ တောင်သူများ စုစုပေါင်းအင်အား (၁၃၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း