ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေဂူလေးစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေဂူလေးစေတီတော်မြတ်ကြီး အထွဋ်တွင် ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်သည်။