ရွှေတောင်မြို့နယ် ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင် စေတီတော်မြတ်ကြီး တောင်တော်ရင်ပြင်တော်၌ (၁၇) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

ရွှေတောင် မတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မယားမာန်ကျေးရွာအုပ်စု၊ မယားမာန်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီး တောင်တော်ရင်ပြင်တော်၌ (၁၇) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်း လောင်လှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်လှူပွဲကို မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်များနှင့် ရွှေတောင်မြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်အပါး (၁၀၈) ပါးတို့အား ရွှေတောင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်မိသားစုစည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်များ၊ ရွှေနတ်တောင်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ အလှူရှင်များက ဝတ္ထုငွေ၊ ဆွမ်းဆန်းစိမ်း၊ လှူဒါန်းဖွယ် အစုစုတို့အား လောင်းလှူ လှူဒါန်းခဲ့ပြီး ရေစက်သွန်းချအမျှဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန် / ဆက်)