လက်ပံတန်း အောက်တိုဘာ ၃၀
အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာ ဗဟုသုတများတိုးပွားရရှိစေမည့်စာအုပ်စာပေများကို ဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် မြို့နယ်ပညာရေးမှူး ရုံးခန်းမနှင့် အထက(၁) ကျောင်းတို့၌ “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတို့ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဥမ္မာဦးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲများ ကိုဆက်လက်ကျင်းပရာ လက်ပံတန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြကာ ကျပန်းစကားပြောပြိုင်ပွဲ တွင် အထက်တန်းအဆင့် ၅ ဦးနှင့် အလယ်တန်းအဆင့် ၁၁ ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ၈ ဦးနှင့် အလယ်တန်းအဆင့် ၁၁ ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မူလတန်းအဆင့် ၁၀ ဦးနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် မူလတန်းအဆင့် ၁၆ ဦး၊ ကဗျာရွတ်ပြိုင်ပွဲတွင် မူလတန်းအဆင့် ၁၈ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၆၁ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)