ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှင့်တာဝန်ရှိသူများ ရွေးကောက်ပွဲအပိုင်း(၂) ကျင်းပမည့် ဖျာပုံမြို့နယ်အတွင်းရှိ မဲရုံများ၌ ကြိုတင်ပြင်ဆင်မှုများအား လှည့်လည်ကြည့်ရှု
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံဦးတင်ဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂)ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်းရှိမဲရုံများ၌ ကြိုတင်ပြင်ဆင်မှုများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။