ပုသိမ်အကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၇၃) ဦး လွတ်ငြိမ်းခွင့်ရရှိ

ပုသိမ် ဧပြီ ၁၇

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/ အကျဉ်းသူများအနက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၄၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အရ ယနေ့နံနက်ပိုင်းက အကျဉ်းသား/အကျဉ်းသူ (၇၃) ဦး လွှတ်ပေးသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးက လွတ်ငြိမ်းခွင့်ရရှိ မည့် အကျဉ်းသား၊ အကျဉ်းသူများအား ဆုံးမဩဝါဒစကား ပြောကြားသည်။ ထို့နောက် ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူးက ဆုံးမစကားထပ်မံပြောကြားခဲ့ပြီး ပုသိမ်အကျဉ်းထောင် တာဝန်ခံအရာရှိ၊ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ပုသိမ်ခရိုင် မီးသတ်ဦးစီးမှူးတို့မှ လွတ်လက်မှတ်နှင့်ခရီးစရိတ်၊ စားစရိတ်များအား ထောက်ပံ့ပေးအပ်သည်။

အဆိုပါပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ပုသိမ်အကျဉ်းထောင်မှ အကျဉ်းသား ၅၄ ဦး၊ အကျဉ်းသူ ၁၉ ဦး၊ စုစုပေါင်း ၇၃ ဦး လွတ်ငြိမ်းခွင့်ရခဲ့ပြီး ၎င်းတို့၏မိသားစုဝင်များမှ ဝမ်းပန်းတသာပျော်ရွင်စွာဖြင့် လာရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)