အိမ်မဲမြို့ ရွှေအိမ်ရတနာဘိုးဘွားရိပ်သာတွင် မြန်မာနှစ်ဆန်း (၁) ရက်နေ့ သက်ကြီးဘိုးဘွားပူဇော်ပွဲကျင်းပ

အိမ်မဲ ဧပြီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွှေအိမ်ရတနာ ဘိုးဘွားရိပ်သာ၌ မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ မြန့်မာ့နှစ်ဆန်း (၁) ရက်နေ့  နံနက် ၈ နာရီတွင် ရွှေအိမ်ရတနာဘိုးဘွားရိပ်သာ၌ သက်ကြီးဘိုးဘွားပူဇော်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွားပူဇော်ပွဲကို အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မူယာစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက ရွှေအိမ်ရတနာဘိုးဘွားရိပ်သာမှ ဘိုးဘွားများအတွက် အလှူငွေများနှင့်ကွေကာအုပ်များကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)