မြောင်းမြ ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အသက် (၇၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများပူဇော်ကန်တော့ပွဲကို ယနေ့နံနက် (၈) နာရီခွဲအချိန်၌ ရွှေသာလျောင်းဘုရားဝန်းအတွင်းရှိ မြို့ကျက်သရေဆောင်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြောင်းမြခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်က ဘိုးဘွားများအား ကန်တော့ငွေနှင့်လက်ဆောင်များပေးခဲ့သည်။ ဆက်လက်၍ မြောင်းမြခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ် ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ငွေနှင့် ကန်တော့လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက်တက်ရောက်လာသော ဘိုးဘွားတစ်ဦးက ဆုံးမသြဝါဒစကားပြောကြားခဲ့ကြောင်း သိရသည်။ ကန်တော့ခံဘိုးဘွားများအား သွေးပေါင်ချိန်ခြင်း၊ သွေးစစ်ပေးခြင်း၊ ဆေးစစ်ပေးခြင်းအစရှိသည့် ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)