ဧရာဝတီတိုင်းဒေသကြီး

ဖျာပုံမြို့တွင် “ဒို့အတူတူမဲပေးကြမယ်” Bill Board စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေမှုများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံ​မြို့တွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးပိုစတာ Bill Board စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက်၊ ချောင်းတွင်း လမ်းမကြီးဘေးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့၌ ရွေးကာက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ မြေစိုက်ပိုစတာစိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူအားလုံးပါဝင်နိုင်ရန် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ မြေစိုက်ပိုစတာစိုက်ထူပွဲအား ယနေ့နံနက် ၉ နာရီက လူစည်းကားရာနေရာဖြစ်သည့် ရေလဲလမ်းနှင့် မြို့ရှောင်လမ်းထိပ်တွင် ကျင်းပပြုလုပ်သည်။

ရွှေသောင်ယံမြို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်ဓါတ်အားသုံးစွဲမှုနှင့်ပတ်သက်၍ အများပြည်သူသို့ အသိပေးပန်ကြားချက်ပိုစတာများကို ထင်သာမြင်သာရှိသောနေရာများတွင် လိုက်လံကပ်နှံ

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်ပိုင်းက ရွှေသောင်ယံမြို့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်ဓါတ်အားသုံးစွဲမှုနှင့်ပတ်သက်၍ အများပြည်သူသို့အသိပေးပန်ကြားချက် ဗီနိုင်းပိုစတာများကို လူအများထင်သာမြင်သာရှိသောနေရာများတွင် လိုက်လံကပ်နှံရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် လာရောက်ကပ်နှံခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကျုံပျော်မြို့နယ် ရွာသစ်ကျေးရွာ၌ ဆိုလာသုံးဝါယာကြိုး အပူလွန်ကဲမှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မီးသတ်စခန်းနှင့် နှစ်မိုင်ခန့် ကွာဝေးသော ပျဉ်ချဆိပ်အုပ်စု  ‌ရွာသစ်ကျေးရွာ၌ ယမန်နေ့ည ၁၁ နာရီ ၅၀ မိနစ်အချိန်က ဆိုလာသုံးဝါယာကြိုး အပူလွန်ကဲမှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအသိပညာပေး လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း အားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးနှိုးဆော်သည့် ဒို့အတူတူမဲပေးကြမယ်လက်ကမ်းစာစောင်များအား ငွေဆောင်မြို့ရှိ လူစည်ကားရာနေရာများတွင် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများပူးပေါင်း၍ ဆက်လက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့ အခြေခံပညာမူလတန်းကျောင်းများတွင် ကျောင်းအားကစားပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယခုဒီဇင်ဘာလအတွင်း ကျောင်းအားကစားပြိုင်ပွဲများကို ရွှေသောင်ယံမြို့ အ​​​​ခြေခံပညာမူလတန်းကျောင်းများ၌ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရွှေသောင်ယံမြို့ အမှတ် (၁) ရပ်ကွက်ရှိ အမှတ် (၁၁၂)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်တွင် စဉ်ဆက်မပျက် ကြပ်မတ်စစ်ဆေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်က ကွက်ပြင် ကျေးရွာအုပ်စု၊ ပိန္နဲကုန်း ကျေးရွာရှိ မြို့အဝင် စစ်ဆေးဂိတ်တွင် ဆောင်ရွက်ကြသည်။

ငပုတောမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊နှင့် ပန်းချီ ပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ “ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးနိုင်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၄)ရပ်ကွက်၊ မဟာဗန္ဓုလ(၁၁)လမ်းထိပ်တွင် “ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူပြီး လူစည်ကားရာနေရာများတွင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေမှုကို ယနေ့နံနက် ၉ နာရီ ၃၀ က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး