သာပေါင်း ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဇူလိုင်လ ၂၂ ရက်နေ့ ၊ နံနက် ၈ နာရီအချိန်က ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့် ပြည်သူများအား ရောဂါရှာဖွေ စမ်းသပ်ကာကွယ်ကုသပေးလျက်ရှိသည်။
ထိုသို့ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား မကူးစက်နိုင်သော ရောဂါများဖြစ်သည့် သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ ရှာဖွေစမ်းသပ်ကာကွယ်ကုသခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ သာပေါင်းမြို့နယ်ဆေးရုံ NCD Clinic တွင် လာရောက်ပြသကြသော သွေးတိုးရောဂါ (၅၁) ဦး၊ ဆီးချိုရောဂါ (၃၇) ဦး၊ နှလုံးရောဂါ (၅) ဦးနှင့် ပန်းနာရင်ကြပ်/နာတာရှည် အဆုတ်လေပြွန်ရောဂါ (၆) ဦးတို့အား ပြည်သူ့ကျန်းမာရေးဌာနမှူးနှင့် လက်ထောက်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သောဆေးဝါးများအခမဲ့ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး
သာပေါင်း (ပြန်/ဆက်)