ကျုံပျော် ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှ ဦးဆောင်ကာ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်းလင်း ဆွေးနွေးပွဲကို ကျုံပျော်မြို့ ပြည်သူ့ အားကစားခန်းမ၌ ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။
ဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ချိုနိုင်ဝင်းက ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်ပက်သက်၍ ရှင်းလင်းပြောကြားပြီး၊ ပြည်သူများမှ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ကြိုတင်သတင်းရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်မှ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ သတင်းများရရှိပါက ချက်ချင်းဆက်သွယ် သတင်းပို့ကြရန် ပြောကြားကာ တက်ရောက်လာသော ပြည်သူများအား မှုခင်းကျဆင်းရေးအသိပညာပေး လက်ကမ်းစာစောင် ၂၀၀ အား ဖြန့်ဝေပေးခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ချိုနိုင်ဝင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်၊ ဒုမြို့နယ် ဥပဒေအရာရှိ ဦးတေဇာအောင်၊ မြို့မစခန်းမှူး ဒုရဲမှူး ဝင်းထွန်းနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ စုစုပေါင်းအင်အား ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)