ဝါးခယ်မမြို့နယ်၌​ ဒေသန္တရစီမံကိန်း​ရေးဆွဲအ​ကောင်အထည်​ဖော်​ရေး​ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဝါးခယ်မ ဇူလှိုင် ၂၄

ဧရာဝတီတိုင်း​ဒေသကြီး၊​မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်၌ ယ​မန်နေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က မြို့နယ်အထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အောင်ဇေယျခန်းမ၌​ဒေသန္တရ စီမံကိန်း​ ရေးဆွဲ အကောင်အထည်ဖော်​ရေး​ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပခဲ့သည်။

​ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ​ရေးနှင့် အုပ်ချုပ်​ရေး​ကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေလွင်မိုးတို့က အဖွင့်အမှာစကားများ​ပြောကြား​ပေးပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ဖြည့်စွက်ရန်ပုံ​ငွေဖြင့်​ ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ၂၀၂၇ - ၂၀၂၈ဘဏ္ဍာနှစ် စီမံကိန်းလျာထားလုပ်ငန်းများကို ​ဒေသလိုအပ်ချက်များဖြင့် ကိုက်ညီ​စေ​ရေးသက်ဆိုင်ရာဌာနများနှင့်​ ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအ​ဝေးသို့ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများတက်​ရောက်၍ ဌာနဆိုင်ရာအလိုက်​ဒေသ ဖွံ့ဖြိုး​ရေးလိုအပ်ချက်များကို ​ဆွေး​နွေးတင်ပြခဲ့ကြကြောင်း သိရသည်။

ရီရီလွင် (ပြန်/ဆက်)