ကန်ကြီးထောင့်မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်”လက်ကမ်းစာစောင်များဖြန့်ဝေ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့်ဝန်ထမ်းများက “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်အား ဒီဇင်ဘာလ ၂ ရက်နေ့ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အများပြည်သူစည်ကားရာနေရာများဖြစ်သော အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးသစ်၊ ဆိုင်ကယ်ကယ်ရီဂိတ်၊ ဆိုက်ကားဂိတ်နှင့် ကန်ကြီးထောင့်-မာလာကုန်းလမ်းဆုံရှိ ဆိုင်ကယ်ကယ်ရီဂိတ်များတွင် အများပြည်သူထံသို့ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။