ကန်ကြီးထောင့်မြို့နယ်၌ “လူငယ်နှင်မူးယစ်‌ဆေးဝါးအန္တရာယ်”‌ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

ကန်ကြီးထောင့် ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ “လူငယ်နှင်မူးယစ်‌ဆေးဝါးအန္တရာယ်”‌ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းကအမှတ်(၁)ရပ်ကွက်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊‌ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ဦးစွာအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်က ကျောင်းသား၊ ကျောင်းသူများအား ယခုစကားဝိုင်းကို စိတ်ပါဝင်စားစွာဖြင့် လိုက်လံမှတ်သားကြရန် မှာကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက စကားဝိုင်း ကျင်းပရရခြင်း၏ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ ရည်ရွယ်ချက်အား ပြောကြားသည်။

ဆက်လက်ပြီး စကားဝိုင်းအားကျင်းပရာတိုင်းဒေသကြီးလွတ်တော်ကိုယ်စာလှယ်ဒေါ်အေးအေးကြူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းယုနိုင်၊ မြို့နယ်ဥပဒေအရာရှိ ဦးဝင်းမော်ဦး၊ မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးတို့က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီးနောက် ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)