အမာမြို့ အထကကျောင်း၌ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်

အမာ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၁) ဦး ယှဉ်ပြိုင်ခဲ့ကြပြီး Grade-2 ကျောင်းသား၊ ကျောင်းသူများက အာဇာနည်မြတ်မမေ့အပ် ကဗျာဖြင့်လည်းကောင်း၊ Grade-1 ကျောင်းသား၊ ကျောင်းသူလေးများက ကိုးဦးအာဇာနည် ကဗျာဖြင့်လည်းကောင်း၊ KG ကျောင်းသား၊ ကျောင်းသူလေးများက အာဇာနည်နေ့ဒို့မမေ့ ကဗျာဖြင့်လည်းကောင်း အသီးသီးရွတ်ဆိုယှဉ်ပြိုင် ခဲ့ကြကြောင်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းက ဆုလက်ဆောင်များပေးအပ်ခဲ့ပြီး ဆုရသူများကို ပညာရည်ချွန်ဆု အခမ်းအနားပြုလုပ်သည့်အခါ ဆုများ‌ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကဗျာရွတ်ဆိုပြိုင်ပွဲ အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)