တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်မြို့နယ်၊ ကညင်ရေလှောင်တမံမှ (၁၀.၅) မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ ကညင်ရေလှောင်တမံမှ (၁၀.၅) မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။