လပွတ္တာမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုတ် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

လပွတ္တာ  နိုဝင်ဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မြို့မ(၁)မိုင်ရှမ်းစုကျေးရွာတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုတ် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ ပြုလုပ်သည်။

ထိုအခမ်းအနားတွင် လပွတ္တာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ လပွတ္တာခရိုင် စိုက်ပျိုးရေးဦးစီးဌာန  ခရိုင်ဦးစီးမှူး ဦးဝင်းစိုးက စံကွက်ရိတ်သိမ်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ လပွတ္တာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်က ဆီထွက်သီးနှံနေကြာ၊ ပဲပုတ်မျိုးစေ့ပေး အပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ဆီထွက်သီးနှံနေကြာမျိုး စူပါဆန်း ၄၁၊ ရေဆင်းစပ်မျိုး ၁၊ ဆင်းရွှေကြာ ၂ နှင့် ဆီပဲပုတ် ရေဆင်း ၁၅ မျိုးစေ့များကို တာဝန်ရှိသူများက တောင်သူများထံသို့ ပေးအပ်ခဲ့ပြီး ကွင်းအမှတ်-၅၈၂၊ ဦးပိုင်အမှတ်-၂/၂ တောင်သူ ဒေါ်စိမ်းတင်၏ လယ်မြေ ၁၀ ဧကတွင် မိုးစပါးမျိုး AGT 303 စံကွက်ရိတ်သိမ်းရာ တစ်ဧက အစိုအထွက်နှုန်းတင်း ၁၆၁.၅၂ တင်းနှုန်း၊ အခြောက်အထွက်နှုန်းတင်း ၁၄၇.၃၅ တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)