ဖျာပုံမြို့နယ်ရှမ်းကွင်းကျေးရွာမိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ဖျာပုံ   နိုဝင်ဘာ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု ၊ ရှမ်းကွင်း ကျေးရွာ တောင်သူ ဦးနေမျိုးဝင်း ကွင်းအမှတ် ၄၅၇ A ၊ ဦးပိုင်အမှတ် ၂၆ / ၇ ၊ လယ်မြေ(၃) ဧက တွင် ပေါ်ဆန်းရင် (ဘေးကြားတောင်ပျံ) စပါးမျိုးစံကွက် ရိတ်သိမ်းပွဲကို နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၉  နာရီခွဲအချိန်က အဆိုပါကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ ဖျာပုံခရိုင်စိုက် ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးဇော်လွင်ဦး နှင့် ခရိုင်စိုက်တိုးမြှင့်အဖွဲ့များ၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဥမ္မာအေးနှင့် ဝန်ထမ်းများ၊ဒေသခံတောင် သူများတက်ရောက်ကြပြီး ဒေသခံတောင်သူများကို မြို့နယ်ဦးစီးမှူးဒေါ်ဥမ္မာအေး ကမိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက်ရှမ်းကွင်းကျေးရွာ တောင်သူ ဦးနေမျိုးဝင်း၏လယ်တွင် ဆောင်ရွက်ထား ရှိသည့်ပေါ်ဆန်းမျိုးယှဥ်ပြိုင် စမ်းသပ်ကွက်မှပေါ်ဆန်းရင်စပါး ၃ ဧကအားတောင်သူများနှင့် စုပေါင်းစံ ကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကပျမ်းမျှအထွက်နှုန်း ၇၅.၁၇ တင်းနှုန်းထွက် ရှိကြောင်းသိရပြီး ဖျာပုံမြို့နယ်အနေဖြင့် မိုးစပါးစိုက်ဧက (၂၀၉၉၄၅) တွင် ပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် လျာထား ဆောင်ရွက်ထားသည့် ဧက(၈၁၈၂၆)ဧက ရှိကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးမှသိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)