ကြံခင်းမြို့၌ ဆီဖူလုံရေးနှင့် လျာထားချက်ပြည့်မီရေးအတွက် မြို့မရပ်ကွက်နှင့် သမ္မရာအင်း ကျေးရွာတို့တွင် ဆောင်းနေကြာစိုက်ပျိုး

ကြံခင်း    နိုဝင်ဘာ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက်နှင့် သမ္မရာအင်းကျေးရွာ တို့၌ ယနေ့နံနက်ပိုင်းက  ကိုင်းမြေ(မြေနုကျွန်း)နှင့် လယ်မြေတို့တွင် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ တောင်သူများပူးပေါင်း၍ ဒေသအတွင်းဆီဖူလုံရေးနှင့်လျာထားချက်ပြည့်မီရေးအတွက် ဆောင်းနေကြာ Supersun 41 များကို စုပေါင်းစိုက်ပျိုး လျက်ရှိကြသည်။

ကြံခင်းမြို့နယ်အတွင်း ဆီဖူလုံရေးနှင့် နေကြာလျာထားချက်ပြည့်မီရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူ များပူးပေါင်း၍ မြို့မရပ်ကွက်၊ တောင်သူ ဦးထွန်းလင်း၏ မြေနုကျွန်းကိုင်းမြေ ကွင်းအမှတ် (၁၈၉၆/က)၊ ၁ ဧကတွင်လည်ကောင်း၊ ကဇင်းကြီးကျေးရွာအုပ်စု၊ သမ္မရာအင်းကျေးရွာ၊ တောင်သူ ဦးအောင်ကျော်မင်း လယ်မြေ ၁ ဧက၊ ကွင်းအမှတ် ၃၈၊ ဦးပိုင် ၅၂ တို့တွင်  Supersun 41 ဆောင်း နေကြာမျိုးအား စုပေါင်းစိုက်ပျိုးပေးကြပြီး၊ တောင်သူများ နေကြာစိုက်ပျိုးနေမှုများအား မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)