(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး လူငယ်စကားဝိုင်း ကျင်းပ

လပွတ္တာ နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး လူငယ်စကားဝိုင်းကို နိုဝင်ဘာ ၁၃ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေ့ဦးစွာ လပွတ္တာခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူဝင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ လူကောင်းလူတော်များဖြစ်လာစေရေး၊ လူရည်ချွန်များ ပေါ်ထွန်းလာစေရေး၊ နိုင်ငံ့ခေါင်းဆောင်များ ဖြစ်ပေါ်လာစေရေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူဝင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အိအိနွယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဦးနှင့် စကားဝိုင်းတွင်ပါဝင်ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများက "အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး" ခေါင်းစဉ်ဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ပါဝင်ဆွေးနွေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး အသိပညာပေး နံရံကပ်စာစောင်များကိုပါ ပြသခဲ့‌ကြောင်းနှင့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကိုပါ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)