ဇလွန် နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်း မာရေး သီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား (စတုတ္ထ အကြိမ်)အာဟာရ ကျွေးမွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီတွင်အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းတွင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကျောင်းအသီးသီးမှ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများစုပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြစ်စေမည့် အစားအစာများအားကျွေးမွေးခဲ့ကြသည်။ အဆိုပါ ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် (စတုတ္ထအကြိမ်) ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးရာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ မြို့နယ်ပညာရေးမှူးဆရာကြီး ဦးအုန်းကျော်နှင့် ဆရာမများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရွှေဝါမြင့် နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)