ဧရာဝတီတိုင်းဒေသကြီး

ဒေးဒရဲမြို့နယ် ဇီးဖြူချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ (၁)နာရီက ဇီးဖြူချောင်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်ရှိ နတ်မော်အထကကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ဒို့အတူတူ မဲပေးကြမယ်  အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်  မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့် အခွင့်အရေး မဆုံးရှုံးစေရန်အတွက် လှုံ့ဆော်မှု ပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများတွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ​ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကလေးသူငယ်များကို ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများဖြစ်ပွား၊ သေဆုံးမှုလျော့နည်းကျဆင်းစေရန်ရည်ရွယ်ပြီး ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် တိုးချဲ့ထိုးနှံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကုတင်(၅၀) ဆံ့ ပြည်သူ့ဆေးရုံ၌ အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော်သော ကလေးငယ်များနှင့် အသက် (၉)နှစ် ပြည့်ပြီး (၁၀) နှစ်မကျော်သော ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အခြေခံပညာအထက်တန်းကျောင်းဒေါင့်ကြီး၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများကျောင်းစာအပြင် ပြင်ပစာပေဗဟု သုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူ များအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို​ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း ဒေါင့်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းသာမြို့တွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံဆော်ရေး အစီအစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့နံနက်ပိုင်းက “ဒို့အတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို တာဝန်ရှိသူများပူးပေါင်း၍ အခမဲ့ဖြန့်ဝေခဲ့ကြသည်။

ဓနုဖြူမြို့နယ်အတွင်းရှိ ဆန်စက်၊ အလုပ်ရုံများအတွင်း မီးဘေးလုံခြုံရေးအတွက် အသိပညာပေး စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ဆန်စက်၊ အလုပ်ရုံများအတွင်း မီးဘေးလုံခြုံရေးအတွက် အသိပညာပေးစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက နန်းတော်ကုန်းကျေးရွာအုပ်စု၊ ကန်စုကျေးရွာရှိ ဝင်းသီရိဆန်စက်၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ဗီနိုင်းပိုစတာစိုက်ထူပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ အမှတ်(၄)ရပ်ကွက်ရှိ သပိတ်ကြို ဘုရားကြီးရှေ့တွင် ယနေ့နံနက် ၈ နာရီအချိန်က “ဒို့အတူတူမဲပေးကြမယ်” ဗီနိုင်းပိုစတာစိုက်ထူပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ(၂၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်နိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီတွင် မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာ ဘုရားကြီးရှေ့၊ မီးပွိုင့်လမ်းစုံနှင့် စျေးဟောင်းတို့၌ ဆောင်ရွက်ခဲ့ကြ သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး