ဟိုင်းကြီးကျွန်း ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် (၁၀း၀၀) နာရီအချိန်က အ.ထ.က အဏ္ဏဝါ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အ.ထ.က အဏ္ဏဝါအခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများသည် ထက်၊ လယ်၊ မူအဆင့်အလိုက် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ထူးချွန်ဆုရရှိသူများအား ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများမှ ဆုများထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကာ ကျောင်းသား/ ကျောင်းသူများ၏ အရည်အသွေး ပိုမိုတိုးတက်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မျိုးအောင်