ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၅ ခုနှစ် (သတ္တမအကြိမ်)မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို မြစိမ်းရောင်သာသနာ့နယ်မြေ၊ မြစိမ်းရောင်တောင်တော်ပေါ်၌ သြဂုတ်လ ၁၉ ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။