မြောင်းမြမြို့ အ.ထ.က (၇) ကွယ်လွယ်ကျောင်းတွင် လူငယ်များ ဗလငါးတန်ပြည့်စုံစေရေးအတွက် လူငယ်စကားဝိုင်းနှင့် ပြပွဲများပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြတ်ပြီး ရဲဝံ့လိမ္မာစွာစကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းနှင့် နံရံကတ် စာစောင်၊ စာအုပ်၊ စာစောင်ပြပွဲများကို ယနေ့နံနက် (၉:၃၀) နာရီအချိန်က အ.ထ.က (၇) ကွယ်လွယ်ကျောင်း၌ ကျင်းပပြုလုပ် ခဲ့သည်။