ညောင်တုန်းမြို့နယ်၌ စာဖတ်ရှိန်မြင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ညောင်တုန်း  ဇူလိုင်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စုရှိ  စက်မှုစိုက်ပျိုး မွေးမြူရေး အထက်တန်းကျောင်း(စက္ကော့)၌ စာဖတ်ရှိန်မြင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၅ရက်နေ့  နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ဝင်းဝင်းစိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က မူးယစ်ဆေးဝါးအန္တရာယ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများ စသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာအသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦး စီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ချိုမီဇင်က စားသုံးသူရေးရာအသိပညာပေအကြောင်းအရာများဖြစ်သည့် စားသုံးသူ အခွင့်အရေး၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အ ရေးများနှင့် နစ်နာဆုံးရှုံးမှုများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များစသည့် စားသုံးသူကာကွယ်‌ရေးအသိပညာပေး‌အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှူးက နွားနို့တိုက်‌ကျွေးရခြင်းရည်ရွယ်ချက်နှင့် နွားနို့သောက်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများကိုလည်း‌ ကောင်းအသိပညာ‌ပေး ဟောပြောခဲ့ပြီး နို့ပေါင်းစက်အခြေပြု အခြေခံပညာကျောင်းများ နို့တိုက်ကျွေးခြင်း အစီအစဉ်ဖြင့် နွားနို့တိုက်ကျွေးပေးခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနယ်လှည့်နံရံ ကပ်စာစောင်ပြ သခြင်းနှင့် စာအုပ်၊ စာစောင်များပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)