ဟင်္သာတမြို့နယ်၌ မှော်ဘီ-၃ မျိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

ဟင်္သာတ ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် လယ်တီကျေးရွာအုပ်စုတွင် ကွင်းအမှတ် ၁၃၈၈၊ ဦးပိုင်အမှတ် ၉၊ တောင်သူဦးအေးဟန်ပိုင် လယ်မြေတွင် ယမန်နေ့နံနက်ပိုင်းက မိုးစပါးစံပြကွက် မှော်ဘီ-၃ မျိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး ဟင်္သာတခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လှကြည်နှင့် ဘာသာရပ်ဆိုင်ရာ ပညာပေးအဖွဲ့မှမျိုးသန့်၊ မျိုးစေ့ထုတ်နှင့် စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) နှင့် တောင်သူများသိလိုသည့်အချက်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)