အိမ်မဲ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့ နှင့် စာဖတ်ပရိတ် သတ်များမှ စာရေးဆရာလယ်တွင်းသားစောချစ်၏ “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇူလိုင် (၁၅)ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး ဦးစီးအရာရှိ နှင့် Women Club အဖွဲ့ဝင်များ၊ စာဖတ်ပရိတ်သတ်များက အဆိုပါစာအုပ်မှ “ပန်းလိုချင်အပင်ကို ပျိုးတတ်မှ “ ၊ “ပန်းလိုနုနယ်ကလေးငယ်”၊ “ ပုံပြင်ထဲမှာအလိမ္မာ” အစရှိသည့် ခေါင်းစဥ် များဖြင့် အချင်းချင်းအပြန် အလှန် မိမိတို့ ထင်မြင်ယူဆချက်များကို ဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းကြောင့် Club အဖွဲ့များ တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုရရှိစေခြင်း၊ တစ်ဦးကရရှိသည့်ဗဟုသုတကို အခြားသူတစ်ဦးသို့ ပြန်လည်မျှဝေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။
ချစ်သက်လယ်