ငရုတ်ကောင်း ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့၌ (၇၉)ကြိမ်မြောက် အာဇာနည်နေ့အထိမ်း အမှတ်အဖြစ် ကဗျာပြိုင်ပွဲ၊ပန်းချီပြိုင်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲများကို ငရုတ်ကောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းရှိရွှေရတုခမ်းမဆောင်တွင် ယနေ့ နေ့လည် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
(၇၉)ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို (အထက)ငရုတ်ကောင်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မူလတန်းဆင့် ကဗျာပြိုင်ပွဲတွင် အဖွဲ့(၈)ဖွဲ့၊ ပန်းချီပြိုင် ပွဲတွင်(၂၀) ဦးနှင့် စာစီစာကုံးပြိုင်ပွဲတွင်(၁၈)ဦး၊ အလယ်တန်းဆင့် ကဗျာပြိုင်ပွဲတွင်(၁၀)ဦး၊ ပန်းချီပြိုင်ပွဲ တွင်(၁၅)ဦးနှင့် စာစီစာကုံးပြိုင်ပွဲတွင်(၁၀)ဦး၊ အထက်တန်းဆင့် ကဗျာပြိုင်ပွဲ တွင်(၈)ဦး၊ ပန်းချီပြိုင်ပွဲတွင်(၈)ဦး နှင့် စာစီစာကုံးပြိုင်ပွဲတွင်(၈)ဦး ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများယှဉ်ပြိုင်နေမှုအခြေအနေများကို(အထက)ကျောင်းအုပ်ဆရာကြီး ဦးဇော်ဦး၊ အကဲဖြတ် အမှတ်ပေးဒိုင်အဖြစ်ခန့်အပ်ထားသောဆရာ၊ဆရာမများနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)