မန္တလေးတိုင်းဒေသကြီး

ပြည်ကြီးတံခွန်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြေပြင်လူဦးရေစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးမှုများအား တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက (ခ)ရပ်ကွက်၊ အကွက်အမှတ်/ သ-၁၂ ၊ ၆၃လမ်း၊ ၁၁၅နှင့် ၁၁၆လမ်းကြားရှိ နေအိမ်များသို့ မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများအား မြို့နယ်ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်သွင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများနှင့် ပြပွဲများပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပြိုင်ပွဲများနှင့်ပြပွဲများကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာ​ရေးများက ယမန်နေ့က မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ ရပ်ကွက်သို့ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျွန်းစုမြို့ ကတ္တလူကျေးရွာ၌ “အားသစ်ဝေ” စာကြည့်တိုက်အသစ် ဖွင့်လှစ်

မြန်မာနိုင်ငံတစ်ဝန်းလုံးမှ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လှူဒါန်းရရှိသည့် အလှူငွေများထဲမှ သိန်း ၁၅၀ ကျပ်နှင့် ဒေသခံအလှူရှင်များ လှူဒါန်းငွေကျပ် ၁၀၃ သိန်း၊ စုစုပေါင်း ၂၅၃ သိန်းကျပ်ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာရှိ “အားသစ်ဝေ” စာကြည့်တိုက်အသစ်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပြပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲများကို ယမန်နေ့က လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ငါန်းဇွန်မြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်း၊ အလယ်တန်းဆင့် ကျောင်းသား/ ကျောင်းသူများ စာစီစာကုံး၊ ကဗျာရေးစပ်နှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်း၊ အလယ်တန်းဆင့် ကျောင်းသား/ကျောင်းသူများ စာစီစာကုံး၊ ကဗျာရေးစပ်နှင့် ပန်းချီပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

မီးရထားခရီစဉ်များ အဆင်ပြေချောမွေ့စွာ ပြေးဆွဲနိုင်ရေး မန္တလေးဘူတာကြီးမှ ရမည်းသင်းဘူတာအထိ ရထားလမ်းပိုင်း ကွင်းဆင်းစစ်ဆေး

ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ ရန်ကုန်-နေပြည်တော် လမ်းပိုင်းအား DEMU ရထားဖြင့်လည်းကောင်း၊ နေပြည်တော်-မန္တလေးလမ်းပိုင်းအား လေအိတ်အမြန်ရထားဖြင့်လည်းကောင်း ရထားခရီးစဉ်များ ပြေးဆွဲမည်ဖြစ်ရာ ရထားခရီးစဉ်များ အဆင်ပြေချောမွေ့စွာ ပြေးဆွဲနိုင်‌ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးဘူတာကြီးမှ ရမည်းသင်းဘူတာအထိ မီးရထားလမ်းပိုင်းအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

အမရပူရမြို့နယ်အတွင်း နွားခွာနာလျှာနာ ကာကွယ်ဆေးများ အခမဲ့ လိုက်လံထိုးနှံ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း ဖေဖော်ဝါရီ ၉ ရက်နေ့၊ နံနက်ပိုင်းမှ စတင်ပြီး အမရပူရမြို့နယ်အတွင်းရှိ နွားများကို ခွာနာလျှာနာကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် အငြိမ်းစားပင်စင်ယူသွားဝန်ထမ်းများအား မိသားစုပင်စင်ချီးမြှင့်ငွေများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အငြိမ်းစားပင်စင်ယူသွားသည့် ပညာရေးဝန်ထမ်း (၃)ဦးအား (၉၆) ကြိမ်မြောက် မိသားစုပင်စင် ချီးမြှင်ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြစ်သားမြို့နယ် ပညာရေးမှူးရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး