မန္တလေးတိုင်းဒေသကြီး

မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရာကြီး၏ (၁၁) ကြိမ်မြောက် မိသားစုထမနဲထိုးပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရားကြီး)၏ (၁၁) ကြိမ်မြောက် မိသားစုထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက်၊ ညနေ (၃) နာရီက ဘုရားကြီးရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  အဆိုပါပြိုင်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းသား၊ အသင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်အားပေးကြသည်။ 

မြစ်သားမြို့နယ် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် အချိန်စေ့လွန်အကြွေးကျန်ငွေများ ပြန်လည်ပေးဆပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ယခုအခါ ကျန်ရှိနေသည့် ကျေးရွာများမှ ဒေသခံတောင်သူများက အချိန်စေ့လွန်အကြွေးကျန်း‌ငွေများ ပြန်လည်ပေးဆပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါဘဏ်ခွဲ၌ ချေးငွေများ ပေးဆပ်လာကြောင်း သိရသည်။

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေး‌ခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ပူပြင်းခြောက်သွေ့သော ရာသီအချိန်ကာလသို့ ရောက်ရှိလာပြီဖြစ်၍ ချမ်းမြသာစည်မြို့နယ်၊ မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်း မီးလောင်မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးများ ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်ခြင်းနှင့် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများကို ရပ်ကွက်များအတွင်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်၍ မြရည်နန္ဒာရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စပါယ်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ Steel Structure တစ်ထပ် စာသင်ကျောင်းဆောင် (၃၈)ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ စပါယ်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနိုင်ရေး (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် Steel Structure  စာသင်ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိရာ (၃၈)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ခြင်းကို ယမန်နေ့က ဒိုင်​ကောင်းကုန်းကျေးရွာ၊ ရွာရှည်ကျေးရွာ၊ ကိုင်းကျေးရွာအုပ်စုတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉  ထပ်ဆောင်းကာကွယ်ဆေး Pfizer  ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့နံနက်(၉)နာရီမှ စတင်ကာ၊ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Pfizer) ထိုးနှံခြင်းကို၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်မြေပြင်လူဦးရေစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီက မြို့နယ်အတွင်းရှိ လူဦးရေစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်း စာရင်းစိစစ်မှုများကို ဆောက်ရွက်လျက်ရှိရာ ယနေ့နက်ပိုင်းက ချမ်းအေးသာစံအနောက်ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မြစ်သားမြို့နယ် သာလွန်စံပြကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် VDP စီမံကိန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ သာလွန်စံပြကျေးရွာအတွင်းရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ် Community Centre ခန်းမတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလေးများ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲ စာစီစာကုံးပြိုင်ပွဲကျင်းပခြင်းကို ယနေ့ နံနက် (၉) နာရီခွဲက ပျော်ဘွယ်မြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Community Centre ခန်းမတွင် ကျင်းပသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မိတ္ထီလာပညာရေးဒီဂရီကောလိပ်၏ အားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မိတ္ထီလာပညာရေးဒီဂရီကောလိပ်၏ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲ အချိန်က ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး