ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြေပြင်လူဦးရေစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးမှုများအား တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက (ခ)ရပ်ကွက်၊ အကွက်အမှတ်/ သ-၁၂ ၊ ၆၃လမ်း၊ ၁၁၅နှင့် ၁၁၆လမ်းကြားရှိ နေအိမ်များသို့ မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများအား မြို့နယ်ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်သွင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါမြေပြင်လူဦးရေစာရင်း ကွင်းဆင်းကြီးကြပ်ဆောင်ရွက်သည့်နေရာသို့ တိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်၊ မဟာအောင်မြေခရိုင်ဦးစီးမှူး ဦးဇင်ထက်နှင့် တာဝန်ရှိသူများက အိမ်ထောင်စုအမှတ်စဉ်နှင့် မိသားစု အမှတ်စဉ်များကို နေရပ်လိပ်စာအတိုင်း နေထိုင်ခြင်း ရှိ၊ မရှိစာရင်းပြုစုခြင်း၊ သေဆုံးခြင်းစာရင်းများ အတည်ပြုခြင်း၊ စာရင်းရှိသော်လည်း မြေပြင်တွင် နေထိုင်မှု မရှိသူများနှင့် စာရင်းမရှိ နေထိုင်သူများ စာရင်းပြုစုခြင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)