နှစ်စဉ်ကျင်းပမြဲဖြစ်သော စတုတ္ထအကြိမ်မြောက် ရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ နံနက်ကိုးနာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေ၊ မဟာသကျမာရဇိန် ကျောက်တော်ကြီး မြတ်စွာဘုရားဝန်းအတွင်း၌ ရက်ကန်းရုံတော်ကြီးတွင်ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ တိုင်းဒေသကြီးသာသနာရေးမှူး ညွှန်ကြားရေးမှူး ဦးဖြိုးဇော်ဇော်၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတမရ ဒေါက်တာဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များ၊ ယက်ကန်းပညာရှင်များ၊ စက်ချုပ်ပညာရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။