မဟာအောင်မြေ ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးများက ယမန်နေ့က မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ ရပ်ကွက်သို့ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြေပြင်လူဦးရေစာရင်း စစ်ဆေးခြင်း၊ အိမ်ထောင်စုအမှတ်စဥ် သတ်မှတ်ခြင်း၊ မိသားစုအမှတ်စဥ် သတ်မှတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်၊ ခရိုင်ဦးစီးမှူး ဦးဇင်ထက်၊ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ကျော်၊ ရွေးကောက်ပွဲကော်မရှင် မြို့နယ်ဦးစီးမှူး ဦးရဲမင်းလွင်တို့မှ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း(ပြန်/ဆက်)